Saturday, 27 October 2012
မိုးဖွဲ့ 
သဇင်ဆော်လင့်၊ ပင်တံမြင့်မှာ၊ ပွင့်ပန်းရည်စုတ်၊ ခါသံသဲသဲ၊ ညံမစဲ၊ ပဲတောင့်ပြုတ်တို့ ၊ ရွှေစလုတ်ချီ၊ ခွန်းသံငယ်စီသည်၊ ပြည်သည်ခေါင်ဖိုး၊ လူလိုကပက်။ နှုတ်ခွန်းဆက်တယ်၊ ငှက်မယ်မျိုးတို့ ၊ ဆော်နှိုးငယ်ခေါ်သည်၊ မြိုင်မော်သစ်နန်းကဲ ဆူတော့တယ်
ကသယ်မြေမွ၊ ကြေပွပွနှင့်၊ မြသလင်းပြင်၊ မိုးနွေမခန်း၊ ယိစိမ့်စမ်းနှင့်၊ အိုင်ကမ်းခွင်မှာ၊ ရွှေသမင်တောက်၊ စာမရီငွေ၊ တိုးအောင်ခြွေ၊ ရေမိုးသောက်လို့ ၊ တောမျောက်ကယ်ငြာ၊ ကန္တာမြိုင်ကြီးကလဲ ပူဖို့ ဘွယ်။ 
ခက်ဆစ်အဖြေ
ဘုတ်ဝါ = ဘုတ်ငှက်ငယ်တမျိုး။ 
 ပဲတောင့်ပြုတ် = ငှက်တမျိုး။
ကပက် = ကဘဲ၊ ကဲ့ သို့ ။
ကသယ် = အမှုန့် ၊ မြေမှုန့် ၊ လိမ်းကျံသော အမှုန့် ။
မြသလင်းပြင် = မြသလင်းကျောက်အပြင်။
ငာ = ဟစ်အော်သည်။
လေးချိုးသဖြန်
ပူဖို့ွှန်း၊ လွမ်းလိုက်ပါဘိတယ်။   
 တောင်စောင်းထရံကွေ့ မှာ၊ မိုးဝေ့ လို့ လယ်။
ရော်လို့ သာ ဆွေးလိုက်ကဲ့ ၊ မအေးနိုင် ပူနယ်ကို၊ ခြယ်ဖန်လဲ့ တဘုန်း။
ဆင့်ဆင့်သာကဲ တော့တယ်၊ ဖေါ်နဲသူ ကြေကြွေရနို့ ၊ ကိုးတန်ဖွဲ့ ချုန်း။
ခက်ဆစ်အဖြေ
ကိုးတန် = အရပ်ကိုးမျက်နှာ။
Friday, 26 October 2012
တပေါင်းလဖွဲ့  (၇)
အော် - ပဌမဂိမှေ၊ သည်ချိန်နွေကို၊ ရဝေဆောင်ကြော့၊ ညောင်မော့မော့မှာ၊ တော်အလေးတူ၊ ကေသီရှစ်ထွာ၊ မာလာနှစ်နှင့်၊ ကြာဖြစ်မူတို့ ၊ သစ်ကူငယ်ဆွေးထောက်၊ ဗျာရေးတောင်မောက်ပေလိမ့်၊ ကွန်းပြောက်ကယ်ရိပ်ပျံ၊ ပင်ဗိမာန်မှာ၊ သံဝါညံစာ၊ အဏ္ဍဇာတို့ ၊ ဖန်ရာဗြုံ မြိုင်ထုံရဂိုင်မှာ၊ စုံပြိုင်ဖို့ မသန်းတော့တယ်။
ထူပါငယ်ထူပ၊ ကျောက်ဂူလွမှာ၊ စူဠကျောက်သဲ၊ မျောက်သလွဲနှင့်၊ ကောက်ခဲမှန်ရာ ဗဟန်းဝါက၊ သေလာကန့် တိုက်၊ တာလဗီဇာ၊ မြင်းသီလာလဲ သီကာဝိုက်လို့ ၊ အဖြိုက်ကယ်ကျောက်စုံ၊ ကျောက်ဖရုံလဲ၊ မောက်ပုံပိုလို့  လျှမ်းတော့တယ်။
ခက်ဆစ်အဖြေ
ရဝေ = (ပေါ) နန်း။
ကေသီ = (ပါ) ကေသာ၊ ဆံပင်။
ထွာရှစ် = ရှစ်ထွာ၊ လေးတောင်။
မာလာ = (ပါ) ပန်း။
ကြာဖြစ် = ကြာပွင့်၌ သန္ဓေတည်၍ဖွားသူ။
ကွန်းပြောက် = ပန်းအပြောက်ထုသားသောနတ်ကွန်း။
ဗိမာန် = (ပါ) ၀ိမာန၊ အထူးထူး တင့်တယ်သော အဆောက်အဦ။
အဏ္ဍဇာ = (ပါ) ဥ၊ ဥမှပေါက်သူကို ရည်၍ဆိုသည်။
ဗြုံမြိုင် = ဗြုံစပ်တော၊ တောနက်။
ရဂိုင် = ရဂုံ၊ တော။
ထူပ = (ပါ) မြင့်ရာအရပ်။
လွ = (ပေါ) ဖြူစင်သည်။
စူလကျောက်သဲ = လိပ်သည်းကျောက်၊ စူလ = (ပါ) လိပ်။
သလွဲ = ခဲမဖြူ ( သလွဲဖြူ၊ သလွဲမည်း၊ နှစ်မျိုးရှိ၏။
ဗဟန်း = ဗဟန်းကျောက်ဝါ။
တာလဗီဇ = (ပါ) ထန်းစေ့ ၊ ထန်းစေ့ဆံနှင့် တူသောကျောက်။
မြင်းသီလာ = မနောသီလာကျောက်တမျိုး။
အဖြိုက် = ၀ူလ်ဖရန်သံမျိုး၊ အဖြိုက်နက်။
လေးချိုးခွန်းထောက်
ဆန်းဆိုမျှစုံစွာ။
ကျောက်ဂေါဒန်  သံဇာတငယ်နှင့်၊ မောရဂီဝါထွန်းပေတဲ့ ၊ ကျွန်းကြီးသေလာ။
နာဂသေ နာဂမှိုင်း၊ ဥဗျိုင်းနှင့် ကျောက်ဆပ်ပြာ၊ ချပ်လွှာမြှောင့်ချောင်ရိုး။
လျှိုတခွင်၊ ဖိုခင်သူ ထုံနှိပ်လို့ ၊ လုံကြိတ်ကယ်ဇော်ဂျီတို့ ၊ အားသီလို့ ထိုး။
ခက်ဆစ်အဖြေ
ဂေါဒါန် = ဂေါဒန်ကျောက်မျိုး။
သံဇာတ = သယံဇာတ၊ မြေထွက်ကျောက်သံ၊ မိမိအလိုအလျှောက် ဖြစ်ပေါ်လာသော ၀တ္ထုများ။
မောရဂီဝါ = (ပါ) ကျောက်အမည်။
သေလာ = (ပါ) သေလ၊ ကျောက်။
နာဂသေ၊ နာဂမှိုင်း = ကျောက်အမည်များ ဖြူဖွေးသော ကျောက်မျိုး။
ဥဗျိုင်း = ကျောက်ဆပ်ပြာ ၊ ကျောက်အမည်များ။
ထုံနှိပ်သည် = လုံပြုလုပ်သည်။
          နီမျိုးနုနွယ်၊ ဆေးဥပါယ်လဲ၊ ရှုဖွယ်ဆုံးပေ၊ ဂမုန်းရွှေနှင့်၊ သုံးထွေကြော့လန်း၊ တာ့ခါးပန်းမှာ၊ ဒေါ့ရန်းခေတ္တာ၊ ပတတ်စာနှင့် နာလဲပဉ္စ၊ ဘင်လောဟကို၊ ဒေါသစင်စွာ၊ ကြွပ်နှင့်ပေါင်းအောင်လို့ ၊ တက်လောင်းငယ်ရှာသည်၊ ၀ိဇ္ဇာဓိုရ်လုလု နှုန်းကြတယ်။
          အ၀င်ငယ်မပျက်၊ ထင်ကွက်ကွက်နှင့်၊ ရမ္မက်ကယ်မကွာ၊ အဂ္ဂိရတ်ထုံး၊ တတ်မဆုံးသူတို့ ၊ ပတ်ကုံးငယ်ရှာသည်၊ သိပ္ပါကို မှုမှု ကျုံးကြတယ်။
ခက်ဆစ်အဖြေ
သုံးထွေ = ဥတုသုံးပါး။
နာ = ခဲမည်း။
ပဉ္စ = (ပါ) ငါးခု၊ ငါးမျိုး။
ဘင် = ခဲမဖြူ။
လောဟ = (ပါ) လောဟာသံ သတ္ထုတမျိုး၊ (ပဉ္စလောဟာဟူသော လောဟာငါးမျိုးကား ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ခဲ တိုဖြစ်၏)
အဂ္ဂိရတ် = အဂ္ဂိသျှတြ၊ မီးနှင့်စပ်သောအတတ်။
သိပ္ပ = (ပါ) အတတ်။
လေးချိုးသဖြန်
ဘုံသုံးပြန့် တခွင်။
သည်ဥာဉ်ကိုရှာလျှင် ရှားပေလိမ့်၊ ပြဒါးဘင်နာကြွပ်ကယ်တို့ ၊ လမ်းစွပ်လို့ ထွင်။
ဖေဇော်ဂျီ ပွေလီကြောင်းပေထင့်၊ တပေါင်းမာသတွင်၊ ကြံအင်ကြော့အစွမ်း။
ထုတ်ပါသော်၊ ရုပ်လေးဖေါ် မကုန်နည်းပေထင့်၊ လုံတည်းမွှေသာမွှေတော့၊ သည်ချိန်နွေ သည်ရတုမှာ၊ ဆေးစုတဲ့ ငြမ်း။
ခက်ဆစ်အဖြေ
ကြွပ် = သတ္ထုတမျိုး။
ပွေလီ = ထွေထွေရာရာပြုသည်။
မာသ = (ပါ) လ၊ (အခါ)
ရုပ်လေးဖေါ် = ပြဒါး၊ ဘင်၊ နာ၊ ကြွပ်၊ ရုပ်ဓါတ်လေးပါး။
ငြမ်း = မှီရာ အားထားရာ ထုံးတမ်းနည်းနာ။
တပေါင်းလဖွဲ့  (၆)
ငွေသောင်ခုံခင်း၊ ယမုန်တွင်းမှာ၊ ငါးကြင်းညာဆန်၊ လေချိုလှောက်လို့ ၊ တုံ့ ခေါက်ကယ်ပြန်သည်၊ သန်ကျန်ဟေမယွန်းတော့မယ်။
ကြယ်ဘဂုစန်း၊ နှစ်ပြိုင်ထွန်းဆောင်၊ ညှိထွန်းပြောင်သည်၊ ရင်ဘောင်တန်းနှင့်၊ လှမ်းဒေသစာရီ၊ သူရကန်ဝန်း၊ ဒေါင်းမင်းကွန်းလဲ၊ ပြင်စွန်းငယ်ချီသည်၊ ရာသီနွေလကျွန်းတော့မယ်။
ခက်ဆစ်အဖြေ
သန်ကျန် = ၀ဿန်ကျန်၊ မိုးရာသီ ကြွင်းကျန်ရာ ကာလ။
ဟေမ = (ပါ) ဆီးနှင်း၊ ဆောင်းရာသီ ဟေမန္တ။
ဘဂုစန်း = ဥတ္တရဘရဂုဏ္ဏီနက္ခတ်နှင့် စန်းယှဉ်ခြင်း။
သူရကန် = (ပါ) သူရိယကန္တ၊ နေမင်း။
ပြင်စွန်း = အပြင်လမ်း၊ ဗာဟီရ၀ီထိ။
လေးချိုးသဖြန်
လွမ်းဝှန်ပြန့် ပွားစည်။
ဘုံကွန်းညောင်ဗွေက၊ ဖျော်မပြေ၊ ဖေါ်ကွေဝေးသူတို့ ၊ ဆွေးရှာဘိသည်။
မိုးလုလင်၊ ကိုးခွင်မှာမှုံရည်ဆိုင်းလာနှင့် စံတိုင်းပြည်တောဆီသို့  လွမ်းပြီကွဲ့ လေး။
ခက်ဆစ်အဖြေ
နတ်စည် = ပုစွန်လက်မစည်။