တန်ခူးလဖွဲ့ 
အော် - ဆွေမစုံဖက်၊ ဖြေပုံခက်အောင်၊
မကရ်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ၊ လက်ပုဇွန်ရိုး၊ ရွာစချွန်ငယ်၊ သံဝှန်ဖြိုးမျှ၊ မြူခိုးငယ်မှောင်ခြွေ၊
ထောင်ရောင်နေလဲ၊ မဇ္ဈေလမ်းကွန့် ၊ ပြင်နန်းစွန့် လို့ ၊ ကိုက်ညွန့် ငယ်ဖူးစီ၊
ဂေါ်ငွေခိုင်ဝတ်၊ လေယိုင်ညွတ်သည်၊ ဖက်ဆွတ်ချီနှင့်၊ ယဉ်သီဒါမြို့ ၊ သောင်ကမ်းစို
့မှာ၊ နှစ်ကိုယ့်တကိုယ်၊ ဟသာင်္သောင်တင်း၊ ရွှေပိန်ညင်းတို့ ၊ ချစ်တင်းဆိုသည်၊ မ ဖို
တောင်ပံဝဲတော့တယ်။
ဒွါဒရာလက်၊ ဆယ့်နှစ်ကွက်တွင်၊ ဂုဏ်အနဂ္ဃ၊
ချိန်နှိုင်းစက်လဲ၊ ဖက်မမျှဘူး၊ စိတ္တရခါ၊ ကြယ်ထွန်းပတဲ့ လအတာမှာ၊ အသာခေါင်ခန်
့ကဲတော့တယ်။
ကြည်ကွဲလွမ်းရန်၊ ကြငှန်းမွေ့ တဲ့ ၊ သန်းရွေ
့မှန်တို့ ၊ ဘယ်ဉာဏ်ကြံ့ခိုင်၊ တံ့စားနိုင်လိမ့်
ခက်ဆစ်အဖြေ
မကရ်းကွက်ချွန် = (ပါ)မကရ၊ မကရ်းမိကျောင်းတမျိုး၏ အကြေးခွံကဲ
့သို့ သောအကွက်။
လက်ပုစွန်ရိုး = ပုစွန်လက်မစည်၊ သိကြားမင်း၏ ကက္ကဋစည်။
ဝှန်ဖြိုး = များပြားကြီးမားသည်။ ဤ၌ ကျယ်လောင်သည်။
မှောင်ခြေ = အမှောင်ကို ပယ်ခွင်းခြင်း။
ထောင်ရောင်နေ = ရောင်ခြည်တထောင် အလင်းဆောင်သောနေမင်း။
မဇ္ဈေ = (ပါ) အလယ်၊ နေသွားလမ်း ၃- ကြောင်းအနက်
အလယ်ကြောင်း။
ပြင်နန်း = နေသွားရာ အပြင်လမ်းကြောင်း။
ကိုက် = (ပါ) အဖူးအငုံ။
ဖက်ဆွတ် = တပေါင်း တန်ခူးလောက်တွင်
ပွင့်သောပန်းတမျိုး။
သီဒါ = (ပါ) မြစ်။
ယဉ်သီဒါ = မြစ်ရေယဉ်။
ဒွါဒရာ = (ပါ) ဒွါဒသရာသီ၊ တဆယ့်နှစ်ရာသီ။
အနဂ္ဃ = (ပါ) များစွာ။
စိတ္တရ = စိတြနက္ခတ်၊ တန်ခူးလ၏ စန်းယှဉ်နက္ခတ်။
အတာ = နှစ်သစ်သို့ ကူးပြောင်းရာအခါ။
ကြငှန်း = (ပါ) အထွတ်အမြတ်။
သန်းရွေ့  = ရံရွေတော် တသန်းတို့ ၏။
တံ့စား = တည်တံ့စေသည်။
လေးချိုးသဖြန်
ဖြေမနိုင် ရေစိုင်ဝဲသို့ ၊
မှိုင်ပွဲတဲ့သစ်စေ။
မုတ်ကွန်းဆောင်ပျံနှင့် ခြင်္သေ့ခံ
မှန်ပြတင်းမှာမှ သွင်းတဲ့ လေပြေ။
မျိုလို့ သာခဲရတယ်၊ သဲနောက်ကျုဗျာပွေ၊
ကြေကြွေဘွယ့်ဘနန်း။
နှင်းသတ်အထုံ၊ ၀ရတ်ကယ်သဉ္ဇာဘုံက၊ ထည်ကောဋုံခြုံရုံထွေးသော်လဲ၊
မလုံမစုံသေးသူတို့ ၊ ဆွေးဘို့ စတမ်း။
ခက်ဆစ်အဖြေ
မုတ်ကွန်း = နန်းဆောင်အ၀င်ဝ။
ဆောင်ပျံ = အမိုးဘုံပျံအဆင့်များဖြင့်
မြင့်ဖြူးသောအဆောင်။
ခြင်္သေခံ = ခြင်္သေ့ရုပ်ခံသော။
ဝရတ် = (ပါ) န၀ရတနာ၊ န၀ရတ်ကိုးပါး၊ ပဒမြား၊
ကြောင်၊ ဂေါ်မုတ်၊ ဥဿဖယား၊ မြ၊ စိန်၊ နီလာ၊ သန္တာ၊ ပုလဲ။
သဉ္ဇ = သဉ္ဇာလီ၊
မင်းမိဖုရားတို့  ထိုင်ရန်သလွန်။
ထည်ကောဋုံ = ကောဋုမ္ဗရာဇ်တိုင်းဖြစ် အထည်၊ ထိုတိုင်းသည် အထည်ရက်လုပ်ရာ၌
ကျော်ကြားသည်။
No comments:
Post a Comment