Saturday, 11 August 2012


ဦးကြင်ဥ အတ္ထုပ္ပတ္တိ

ပဒေသာ သီချင်းများကို ရေးသားခဲ့ သော ပြဇာတ်ဆရာ စာဆိုတော်ကြီး ဦးကြင်ဥကား မြေထဲခေါ် အောင်လံမြို့  စီရင်စု ဆင်ပေါင်ဝဲရွာ၌ ဖွားမြင်သော စာဆိုတော် တဦးဖြစ်လေသည်။ ပဒေသာသီချင်းဟူသော အမည်မှာ ဦးကြင်ဥ၏ မှည့်ခေါ်ရင်း အမည်ကား မဟုတ်ချေ။ ဦးကြင်ဥသည် တောဖွဲ့ ၊ တောင်ဖွဲ့ ၊ ရာသီဖွဲ့ ၊ ငါးဖွဲ့ သည့် သဘာဝ ကဗျာ အမျိုးမျိုးကို ရေးသားခဲ့ ပေရာ၊ ထိုကဗျာများကို မြန်မာကဗျာကျမ်း အသီးသီးတွင် မှတ်သွင်းဖေါ်ပြခဲ့ ကြပေသည်။ ထိုဖေါ်ပြခဲ့ သော ကဗျာများကို စုပေါင်း၍ သီးခြားရိုက်နှိပ်သောအခါ အကြောင်းအရာ အမျိုးမျိုး အထွေထွေ စုံလှသောကြောင့် ကမ္ဘာဦးအစ လိုတရသည့် ပဒေသာပင်ကို အစွဲပြုကာ ပဒေသာသီချင်းဟု အမည်တပ်ထားပေသည်။
ဦးကြင်ဥ၏မိဖမည်ရည်နှင့် ဖွားသက္ကရာဇ်ကိုကားမသိရှိရပေ။ သို့ ရာတွင် ဦးကြင်ဥသည် ဘကြီးတော်မင်း လက်ထက်မှ ပုဂံမင်းလက်ထက်အထိ စာပေရေးသားပြုစုခဲ့ သော ပုဂ္ဂိုလ်တဦးဖြစ်ကြောင်းသိရှိရပေသည်။ ဦးကြင်ဥသည် မိမိဇာတိရပ်မြေ ဆင်ပေါင်ဝဲမြို့ မှခွါ၍ အမရပူရမြို့ သို့ သွားရောက်ကာ စာပေများကိုရေးသာပြုစုရင်း မင်းမှုထမ်းဆောင်နေလေသည်။ အသက်အရွယ်ကြီးရင့်သော အခါမှ မိမိဇာတိမြို့ သို့ ပြန်လည်နေထိုင်လေသည်။
ဦးကြင်ဥသည် ဗဟုသုတလိုလားသော ပုဂ္ဂိုလ်တဦးဖြစ်လေသည်။ တောင်ပေါ်သားများ၏ ဒေသသို့ လည်း ပေါက်ရောကဖူး၍ တောင်သူတို့ ၏ အလေ့အလာကို မှတ်သားကာ မိမိကဗျာများတွင် ထည့်သွင်းစပ်ဆိုခဲ့ လေသည်။ မြစ်ဝကျွန်းပေါ်ပိုင်းသို့ ရောက်သောအခါတွင်လည်း ပင်လယ်ကမ်းစပ်တွင်တွေ့ ရသော ခရုများ ငါးများအကြောင်းကို ဖွဲ့ နွဲ့ ပေသေးသည်။ ဦးကြင်ဥသည် ဗဟုသုတ ပြည့်စုံသူဖြစ်၍ ရေမြေတောတောင်စသော ဩကာသလောကကိုလည်း စိတ်ဝင်စားတတ်သူဖြစ်လေသည်။ သူ၏ကဗျာများမှာ တိုတိုနှင့် သဘောပေါက်လွယ်အောင် စကားလုံးများကို ရွေးချယ်သုံးနှုံးတတ်လေသည်။ အစပ်အဟပ်ကာရန်ကိုလည်း အရေးထားလေသည်။
ဦးကြင်ဥသည် ဦးပုညနှင့် ခေတ်ပြိုင်ဖြစ်လေသည်။ ပြဇာတ်အများကိုလည်း ရေးသားခဲ့ လေသည်။ ထင်ရှားသောပြဇာတ်များမှာ ဝေဿန္တရာပြဇာတ်၊ မဟောသဓပြဇာတ်၊ ပါပဟိန်ပြဇာတ်၊ ဒေ၀ကုမ္ဘန်ပြဇာတ်၊ ၀င်္ကန္တပြဇာတ်၊ ကာလကဏ္ဏီပြဇာတ်တို့ ဖြစ်ပေသည်။ ထိုမှတပါး အခြားညည်းချင်းနှင့် သီချင်းကဗျာများကိုလည်း ရေးသားခဲ့ ပေသေးသည်။ ဦးကြင်ဥနှင့် ဦးပုညတို့ မှာ ဥာဏ်ရည်ချင်းများစွာမကွာခြားလှသဖြင့် မည်သူ၏ပြဇာတ်က ကောင်းသည်ဟူ၍ပင် အငြင်းအခုံဖြစ်ပွားခဲ့ ကြရပေသည်။ ဦးကြင်ဥတွင် ဆန်းသစ်သော ထွင်ဥာဏ်ရှိ၍ ရာသီဖွဲ့ များကိုပင် တမျိုးတမည် ဖွဲ့ နွဲ့ စပ်ဆိုနိုင်ခဲ့ ပေသည်။



ကရင်ဩသံ

ခက်ဆစ်

ဗီလုံး   =       ဆံထုံးတမျိုး

No comments:

Post a Comment