တောင်စောင်းပျော်ဘွယ်
တကြောမှောင်ပြာ၊ ကေလာတောင်ခိုးဝေ။
ကန်ခြေဦး၊ လင်းပြာမြူးတယ်လေ။
သာထူးထွေ၊ ဝေးမြေတာမှာ၊ ကွာလေကော၊ လာလေဟေ၊
ဩောဩ နောက်မူးဝေ။
ခွန်းသံချွေ၊ ရှောက်ကိုင်းမှာ၊
ချိုးက၀ိုင်း။
ပလိုင်းကိုလွယ်၊ ဆင်တယ်သင်တိုင်းခြုံ၊
ယဉ်ပုံထုံး၊ အို ဗီလုံးမှာလေ၊ ကြွေကုံးစီ။
ကြိမ်နီချုံမှာ၊ ပျားအုံပေါ၊ တောပွေလီ၊
မှောင်ခိုးရီ။
ချောင်းညီနောင်ရေဧမှာ၊ သဲကဆွေး။
တရေးဖန်ညွှန်၊ လူဝံညိုမဲကောင်၊ တောတောင်ရင်း၊
အို ရဲမာန်သွင်းတယ်လေ၊ ဖော်ချင်းနှောင်။
စီစီလောင်၊ တောကြောင်ချင်း၊ ခင်းရန်ထောင်၊
ဪဩမျောက်လောင်းကောင်။
အိုမဲမှောင်၊ ချုံထဲမှာ ရိုလေးဆွဲ။
တကဲသာညီ၊ မြေနီတောင်စောင်းဝယ်၊ ချုံနွယ်တော၊
အိုလင်းမြွေပေါတယ်လေ။
ဝေ တောလယ်၊ လာလေယောက်ဖငယ်၊
တောင်စောင်းပျော်ဘွယ်၊ ထိုကွင်းငယ်။
တောယုန်ငယ်လေ၊ ရေဆင်းမှား၊ ဖားအုန်းအင်း၊
တသင်းဖော်ပြိုင်၊ ချေ စိုင် ပြောင် မြူးပျော်။
ခွေးခေါ်လှမ်း၊ အိုလွှဲကျော်သန်းတယ်လေ၊
နွယ်တန်းပေါ်။
တွန်ခေါ်သံ၊ ခါကြော်ညောင်း၊ ဒေါင်းရော်သော်၊
ဪဩမြိုင်တောမှော်၊ လွမ်းဘွယ်နှော၊ သာမောတယ် ပန်းကပေါ။
ကရင်ဩသံ
ခက်ဆစ်
ဗီလုံး = ဆံထုံးတမျိုး
No comments:
Post a Comment