ရထားယာဉ်စကြာ
အဆုံအဆုံ ဒဂုံမွန့် တွင်၊
ဝသုန်ဝသုန်ရဂုံညွန့် မှာ၊ တဖုံတဖုံ ဂဠုန်ကွန့် လို့ ၊ နဂါးရုံတွန့်  တောင်ပတ်ခြံ၊
ကြိုင်သက မြိုင်မဟာ့ လှိုင်တ၀မြောင်ချပ်ရံတယ်၊ အောင်ရပ်မှန်ဟံနန်း။
ဘူမိမြတ်မူနိပါတ် တူဗိလတ်ကဲ့ အသွင်လို၊ ချဲ
့အသွင်ထူးတော့ တဆန်း။
မီးရထားပြန့် 
ကြီးတအားခန့်  သီးတခြားသန့် စက်ရ၀ိန်ငယ်၊ လက်အရှိန်မိုလျှမ်း။
နေကမ္ဘာသွေကွာကွာ
နွမ်းနိုင်ဘူ့ ၊ မြေပထဗျာ ဧရာလမ်းမှာဖြင့်၊ ဘွေသာခန်းလူ့ ဘောင်။
မင်္ဂလံယာဉ်ရဟတ်ပေမို
့၊ လျင်အမြန်တရစပ်ပေပ၊ စဉ်မပြတ်ထွန်းချည့်တန်ဆောင်။
တော်သံဂြိုးဂြိမ့်၊
ဆော်ဖန်ညိုးညိမ့်၊ ကျော်သံသိုးသိမ့်၊ ဒိုးဒိမ့်ဒေါင်ငယ်၊
ဗိုးဗလိမ့်ဗောင်ရေကိုလွှားလို့ ၊ မိုးဘ၀ိန့် ခေါင်လေကိုဝါးလျက်၊ မြေကိုမနား
အသွားလျင်စွာ၊ ရထားယာဉ်စကြာ။
နေအရုဏ်ငံ့။
ရွှေပဒုံပန့်း
တေဇဂုဏ်ခံ့ ဘုံဟံ့သာမှာ၊ ကြုံပြန့် ရတနာ ဗိုလ်လူစီးဘို့ လေး။
ဝိဇ္ဇာယောဂ၊
စိတ်ဖြာဆောစွ၊ ဒိဗ္ဗာသောတ လောကဘုံမှာ၊ ပြောပမကုန် ဓာတ်နန်းသွယလို့ လေး။
တေးထပ်ဆန်း
No comments:
Post a Comment