နွေဦးပွဲ
နွေဦးငယ်မှရာသီ။ ။သရဖီအင်ကြင်း၊ ပိတောက်ကယ်သင်းပါလို့ ၊
လေပြင်းငယ်သုန်သုန်၊ မြူမှုန်ဆိုင်းလှသည်၊ မှိုင်းရီရီငယ်နှင့်လေ။
နဒီငယ်မှမြစ်ဦး၊
လှိုင်းလိပ်ကယ်တက်ပြန်၊ ငါးကြင်းငယ်ဆန်သည်၊ ငါးတန်မြူးလို့ ၊ ပြန်
့ပြူးငယ်မှသဲသောင်၊ ကံ့ကော်ရေပန်း၊ မျောနစ်ကယ်မွန်းလို့ ၊ တင်းကျမ်းငယ်ဆောင်သည်၊
တောတောင်နေ အင်းအိုင်က၊ မြစိုင်လိုမောင်း။
တပေါင်းငယ်မှ ရွက်ကျင်၊ တိမ်တောင်ဖြန်
့လွှား၊ ရပ်ရှစ်ပါးက၊ မိုးသားငယ်ဆင်သည် ခေါ်ငင်ကာ တက်သက်သို့ ၊ ကျေးငှက်ကနွှဲ။
သို့ သည်ကောဇော၊
သည်ချိန်ခါကို၊ သမာပတ်ဝင်၊ မြတ်ချစ်ရှင်များသော်မှ၊ စံပျော်ရွှင်ပျံပျူးလို့ ၊
ကြည်နူးတော်မူရသည်၊ တိမ်မြူကို လေနှူးတဲ့ ၊ နွေဦးပွဲလေ။
အဲချင်း
ခက်ဆစ်
သုန်သုန် = အဆက်မပြတ်
တင်းကျမ်း = အပြည့်
ရွက်ကျင် = နာကျင်သောအရွက်
No comments:
Post a Comment