အညာမင်္ဂလာဆောင်
ကျုပ်တို့ အညာမှာ
မင်္ဂလာတမျိုးသာပါ့၊ အဟုတ်ဗျို့ ဓမ္မတာ အစဉ်အလာမညှိုးခဲ့ ပေဘု၊ အရိုးသမကျရှေးလိုပါ့၊
အဖွားကလဲကျီတဆောင်။ ။
အမျိုးကလဲ မသေးပေဘု၊
အဖိုးအဖနှင့်တကွ မေးကြပါတော့၊ တမျိုး ငါ့မြေးဘို့ ရယ်လို့ ၊ အိုကွယ် အဖိုးက
ပေးလိုက်ပါတဲ့ နွားညီနောင်။ ။
ဩော် အမိအဖတို့ ကလဲ၊
ပြည့်ပြည့်၀၀တွေမို့ ၊ ရှိသမျှကုန်ချင်ကုန်ရော့လို့ ၊ မယုံလျှင်ကြုံလျှင်မေးပါတော့၊
အလုံတခွင်မှာ ဂုဏ်အင်ကလဲမသးပေဘု၊ မုံရွေးကြေးမုံချောင်းဦးနယ်တလွှားဆီက၊
အလုံကျေးအကုန်မှာ ပြောင်းဖူးသယ်တွေက များလိုက်ပါဘိသနှင့်၊ ဆွေသားရင်းချာ
ညာတကာမိတ်တို့ ကိုလ၊ အဖေသွားရင်းသာ လာစရာဖိတ်ခဲ့ တာနှင့်၊ ညအိပ်ညနေအစုံလာကြတော့၊
ခြုံစရာ အကွက်ဖျင်စောင်နှစ်ခုငဲ့ ပြင်၊ ဂုံပုဝါပါတဘက်နှင့် ခြင်ထောင်ကလဲ
တခုစီပေါ့၊ လုပ်မှုကိုင်ဘွယ် တောလယ်ယာတခင်းငဲ့ ပြင်၊ ပြောင်းခင်းတစလယ်ဝင်နှင့်၊
လယ်တရှင် စပါးနှစဆယ်ထွက်ကိုလ၊ ရှေးအဆက်ဆက် အကြွေးတက်တက်ပြီး အဝေးမထွက် ရအောင်လို
့တဲ့ ကွယ်၊ ပေးလက်ဖွဲ့ နှောင်။ ။
လမ်းချိုး အရှေ့ က၊
စမ်းရိုးအကွေ့  ခရောင်းယာမှာ၊ ဟောသည်က အထုပ်တွေဖြေဖြေပြီး၊ အကုန်သာ ကြဲလေရော
့ဟဲ့လို့ ၊ ခရမ်းမျိုးစေ့ ကောင်းစွာငြုတ်ဂျုံကုလားပဲသာပေါ့၊ နှမ်မျိုးသွေ့ သွေ
့ပြောင်းဝါငပြုတ်ဖရုံပါဖရဲငဲ့ ပြင်၊ ထမ်းပိုး၍ရောင်းစရာအထုပ်မုံလာခ၀ဲတွေနှင့်၊
အလုပ်စုံရာ ကပဲရယ်လို့ များလက်ဆောင်၊ သားအတွက်ဆိုတော့၊ တအားတက်အောင်ရယ်လို့ 
ကျုပ်တို့ အမေအိုကလဲ ဓားမရှေ ဓားမတိုတွေနှင့် အခြေကိုနှင်း။ (အိုကွယ်)
မယားဘက်ကမောင်တွေကလည်း ပုလွေတိုနှစ်စင်း။ ။
မျိုးဆက်ကာခြုံ၊ အိုးခွက်
ပန်းကန် အစုံနဲ့ ၊ ပြေတခွင် သထုံရောက်ရာကဘဲ လွမ်းမိပါရဲ့ ၊ မြေအင်တုံ သောက်စရာ ဇွန်းငဲ့ပြင်၊
ကွမ်းအစ်ပါလွယ်အိတ်တလုံးငယ်နှင့်၊ ပဲခိုးဘူတာမှာလေ၊ ငနဲသခိုးလူညာတွေ
မှုန်းလိုက်ပါတဲ့ ၊ ပျောက်သဟာ ထန်းခေါက်ဖာကလဲတလုံးပါဘဲ၊ စုရုံးလိုက်လျှင်
တအိမ်ထောင်ပါ့၊ လူ့ ထုံးစရိုက်တွင် တသိန်ပြောင်လောက်ကဲ့ ၊ မင်္ဂလာဆောင်မှာ
ခန်းဝင်ကလဲ မနဲပါဘု၊ မွဲဖို့ ရာကံကြမ္မာနှင့်၊ ဖန်လာပုံကုသိုလ်ကလဲ မကောင်းချင်တော့၊
အထက်ဟိုအညာမှာလေ၊ ကြက်ဆိုတာတောင် မလောင်းခဲ့ ပါဘု၊ အညာပြေ ဌာနေဟောင်းဆီက၊
အကြွေးတရာကို ဒွေးခါကလဲ တောင်းပြန်ပေါ့တဲ့ ၊ (အမယ်မင်း) မောင်းစရာရယ်လို့ များ
တပ်လိုက်မှဖြင့်၊ ခေါင်းတခါခါနှင့် ဆတ်လှစွာသော၊ လှလှစွေ့ စွေ့ ရယ်နှင့်၊
၀၀ပြေ့ပြေ့ နပြာတရှဉ်းကိုလှ၊ ကျောင်းတကာကိုသာ အပ်လိုက်ပေရော့၊ ရသရွေ
့ဘာဘာညာညာရယ်လို့  မငြင်းလေနှင့်၊ အိုကွယ် ရောင်းကာသာ၊ ဆပ်လိုက်ပါတော့၊ ရွာရှေ့ က
ယာတခင်း။ ။
(စာထောင့်လေးချိုးကြီး)
သခင်ကိုယ်တော်မှိုင်း
No comments:
Post a Comment