မှာပါ့မယ်မောင်
ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောင်းမတို့ လေ။
နှမလေးမယ်တို့ အိမ်ကို သိလိုတမူ၊ မှာပါ့မယ် မောင်။
အုန်းပင်တန်းနှင့်၊ နန်းတော်တောင်မှာ၊
လမ်းမြောင်ကွေ့ တွင်၊ အုတ်ပလ္လင်နှင့်၊ ညောင်ပင်နှင့်ရှင့်။
စကားပင်နှင့်၊ နှင်းပင်နှင့်ရှင့်။
နောက်ကိုကြည့်လဲ၊ နောက်ကအိမ်ဘီ၊
စပါးကျီနှင့်၊ ဆားကျီနှင့်ရှင့်။
ရှေ့ ကိုကြည့်လဲ၊ ရှေ့ကအိမ်မ၊
မြင်းဇောင်းချလို့ ၊
လမ်းမအမြောင်၊ မာရ်အောင်ဘုရား၊
တောင်လက်ကြားမှာ၊ နှစ်ပါးတူပြိုင်၊ တွေ့ ရဆိုင်အောင်၊
နှင်းခိုင်ငယ်မတ်မတ်၊ မြင်းကိုသတ်လို့ ၊ ရပ်ကာနွဲ့ နွဲ့ ၊
အမတ်မင်းငယ်နှင့်၊ ဘမင်းလဲနေ၊ မယ်လဲနေတဲ့ ၊
ရဝေသာမင်း၊ တောင်ပြူတင်းမှာ၊ ချစ်တင်းငယ်နှောသည်၊
ပြောစို့ ငဲ့ လေး။
အိုင်ချင်း
ခက်ဆစ်
လမ်းမြောင် = လမ်းမကြီးမှ
ဖြာထွက်သွားသောလမ်းငယ်
အိမ်ဘီ = အိမ်နောက်ဖေးအဆွယ်
နှင်းခိုင် = နှင်းပန်းပွင့်အခိုင်ကဲ့သို
့ လှပသောချစ်သူယောက်ျားပျို
မြင်းကိုသတ်လို့  = မြင်းစီးလာသောအရှိန်ကိုသတ်သည်။
ရဝေ = အခန်း
No comments:
Post a Comment