စစ်မှာတမူ၊ နှမလေး မယ့်ထက်ဖြူကို၊
မယူဘူးဗျာ
ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း၊
ယောင်းမတို့ လေ။
သူများမောင်မှာ၊ စစ်သံကြားလျှင်၊ နားဖျား
ဥပါယ်ခိုကြတယ်။
နှမလေး မယ်တို့ မောင်မှာ စစ်သံကြားလျှင်၊
ရွှေဓားပိုက်ကာ၊
အိုးစားဘက်ကို၊ လိုက်လို့ ရှာသည်။
ရိက္ခာကနဲ၊ မိုးကသဲနှင့်၊
သင်းတွဲကိုကူးပါလိမ့် မလားတော်။
စစ်မှာတမူ၊ နှမလေး မယ့်ထက်ဖြူကို
ယူမလားတော်။
စစ်မှာယွန်းမ၊ နှမလေး မယ့်ထက်လှကို
ရမလားတော်။
စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ၊
ရှိသလားတော်။
စစ်မှာတမူ၊ နှမလေးမယ့်ထက်ဖြူကို၊ မယူဘူးဗျာ။
စစ်မှာယွန်းမ၊ နှမလေး မယ့်ထက်လှကို
မရဘူးဗျာ။
စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ၊
မရှိဘူးဗျာ။
ရေမြေ့သခင်၊ ရှင်ဘုရင်က ၊ မိန်
့တော်စာနှင့်၊ အပါချသည်၊ လိုက်ရတော့မယ်။
မြင်းမှာအုန်းခွံ၊ ကျွန်မှာကုလား၊
ဓားမှာမိုးကြိုး၊ စစ်သည်ပုံမှာ၊
ကျွန်ယုံစားမို့ ၊ မောင်ကလေး၊
မောင်သာလိုက်တဲ့ ၊ တောင်ပတ်လယ်နှင့်၊
ဇင်းမယ်ဆိုသည်၊ ညိုတယ့်မြို့ မှာ၊ ပျို့ လွမ်းဘွယ်လေး။
အိုင်ချင်း
ခက်ဆစ်
ဥပါယ် (ပါဠိ) = လတ်တလောဥာဏ်
ခို = ခိုကပ်ကြသည်။
အိုးစား = စစ်ချီတက်ရာတွင် တအိုးတည်းစားဘော်စားဘက်
ယွန်းမ = ယွန်းပြည်က အမျိုးသမီး
အပါချသည် = စစ်ချီရာသို့ လိုက်ပါရန် အမိန့် စာနှင့်
ဆင့်ဆိုခေါ်ယူသည်။
အုန်းခွံ = အုန်းသီးခြောက်၏ အရောင်အမွေးရှိသောမြင်း
ဓားမှာမိုးကြိုး = အသွားတွင်မိုးကြိုးထည့်၍ပြုလုပ်သောဓားကောင်းတစ်မျိုး
No comments:
Post a Comment