ကိုတံငါ
ယမုံန္နာ သီတာသောင်ခြေဦးမှာလလေ။
သနားဘွယ် လူနှယ်ခေါ်သံ ထူးလို့ လေး။
ကြည်နူးဘွယ့် မယ့်တကိုယ်၊ ရွှေဟသာင်္
မောင်နှံငှက်ကယ်တို့ ၊ ကြင်ဖော်မှာ ကြင်ဖော်ဘက်ကယ်နှင့်၊ တူပျော်ပျော်လေ၊ ဘယ်ခါမှ
စက်ရပါ့၊ လည်ယှက်ကာသူတို့ လို။
မဖိုခေါ်သံ၊ လူ့ နှယ်သူ့ ဟန်၊ ဖော်ကွာသူ
ဆွေးစေဖို့ ဖန်။
သဲတဲ့သဲ ငွေလျှံ၊ ၀ဲတဲ့ဝဲကာပျံ။
အို ငါးကြင်းတွေဆန်။
ငါးတန်တွေ သောင်ရေစီးမှာလ၊ ကိုတံငါလှေယာဉ်စီးပါလို
့။
ပိုက်ကြီးတွေနဲ့ ရေချလာ၊ တောင်တင်
သံသာသာနှင့်၊ တံငါလှေ လောင်းဆင်း။
အို နဒီတွင်းမှာလ၊ နှင်းငွေဆော်။
ချမ်းလို့ တုန် မလုံကွေးတယ်၊
ကိုယ်ရေးကြုံတော့နော်။
တပေါင်းတန်ခူး မိုးသားကျူး၊ လေရူးဆော်လှာပုံ၊
နဒီတွင်းမှာလ၊ ကို ငါးကြင်းငယ်တို့ ၊ ပိုက်တွင်းမှ သူတို့ ခုန်၊ လွမ်းလေ ပူပုံ
ပူပုံ ပွားပါလို့ ၊ အားကကုန်၊ သောင်ယံမှာ မောင်နှံငှက်ကယ်တို့ ၊ လည်ချင်းယှက်ပါလို
့၊ နွှဲကာပျော်စံ၊ ဆွေးစေဖို့ ဖန်။
ကြင်ဖော်ကွဲရော့ထင့်၊ ၀ဲကာပျံတယ်၊
သည်သောင်ယံက၊ မခွာရက်တယ်၊ ကြံခက်လို့ ပန်း။
ပက်ပျိုး
No comments:
Post a Comment