မိုးဒေ၀ါ
မိုးဒေ၀ါချိန်ခါလေ၊
ချိန်ခါလေ ချိန်ခါဟုတ်ဘဲ၊ ရွာဖွဲစွေလိုစွေ၊ ရွာဘဲ နေလိုနေ။ ရွှေအာကာဘုံစိုး၊
ပဇ္ဇုန်မင်းငယ်လေ၊ ဘယ်ခင်းနှင့်ငြိုး။ မျှော်မိခိုးငယ်နှင့်၊ ရှစ်ရပ်ခွင်၊
တိမ်နီလာပေါင်ခရမ်း၊ သမ်းညို့ညို့မင်။ အို
မိုးနတ်ရှင်က၊ ကယ်ပြုချင်တိုင်း၊ စည်တော်ငယ်နှိုးပါလို့ ၊ တံပိုးငယ်ပြိုင်၊
ဖော်ဝေးသူ တကိုယ်ထူး မူးဝေလို့ မှိုင်။
ပတ်ပျိုးကလေး
No comments:
Post a Comment