မန်ကျည်းသီး
ထန်းစေ့ခွက်ငယ်နှင့်၊ လက်ဖက်ကိုထည့်ကာ၊
တောကငယ်လာ၊ အိတ်ထဲမှာ ဘာပါသတုံးလို့ ၊ နှိုက်ကာမေးတဲ့  အမိရယ်လေး။
ငယ်ငယ်တုန်းက၊ လုံးထွားကတစ်၊
ကြီးချောင်ကျစ်နှင့်၊ အဆစ်ကယ်ခွေခွေ၊ မန်ကျည်းသီး၊ မောင်ကြီးချွေခဲ့ တယ်၊ အိမ်နေသူု
အသာရှုံ့ လို့ ၊ မြုံ့ တော့ကွယ်လေး။
လွမ်းချင်း
ခက်ဆစ်
ကြီးချောင်ကျစ် = မန်ကျည်းသီးသည်
ကြီးလာသောအခါ အစေ့ချောင်၍အသားကျစ်လာသည်။
No comments:
Post a Comment