ပုံကြီးသည်
မောင့်ပုံသံ အစာကောင်းလို့ ၊ မောင်းသံလိုဟီ။
ချစ်ကြိုးသီတဲ့  ပင်ကိုယ်လှရယ်၊ မင်း ကြွခဲ
့အုံး။
ပုံပွဲကိုတဲ့  ရှုမယ်လာ၊ ကိုက်ဗျာဆံရှည်ပါလှတယ်၊
သားများမေလား။
သားများမအေ၊ တကယ်လေ ပုံတော်သား၊ ရဲပါ့မလား။
ပုံပွဲကိုတဲ့ရှုလှဲ့ ပါ၊ ပြူတင်းရယ်
လေသာပေါက်က၊ မေးထောက်လို့ မှာ။
မယ်မလာ၊ လိပ်ပြာကိုစေတဲ့လားကွယ်၊
ဘုန်းမဲ့ကိုယ်စား။
ချစ်ပါတဲ့  ကြိုက်ပါ၊ လူပျိုတွေ
လယ်ကန်သင်းက၊ ပျင်းနေ့ တိုင်းလာ။
မချစ်သာလို့ နေပါသေးတယ်၊ မကြိုက်သာလို
့နေပါသေးတယ်။
နှစ်မလေး ကိုယ်မအားတယ်၊ ရဲစားနှင့်လေး။
ရွှေနားတောင်းကိုလ၊ ပုံခေါင်းလောက်ဝတ်စေ့မယ်၊
ပုံကြီးသယ်လိမ့်လယ်လှဲ့ ၊ နားချဲ့ မိတယ်။
မေးပါနဲ့ ဟယ်၊ ရွှေကိုကွယ်မဆိုထားနှင့်၊
ငွေကိုကွယ်မဆိုထားနှင့်၊ သူ့ နားမှာ ရွှေပေရွက်ကို ပေးရက်ကဲ့လား။
လုပ်ရတယ်တဲ့ ကိုင်ရတယ်။
မောင်ကြီးထွန်ကိုဖြုတ်လျှင်၊ ပျိုးနုတ်ရတယ်။
လုပ်ငန်းရယ်တဲ့မတွင်သာ။
နွားပြာပိန် ချိုလိန်ကော့က၊ အားပျော့လို
့ဗျာ။
ထမင်းက ညံ့လိုက်တာ၊ မသေရုံချဉ်ပေါင်ဟင်း၊
တင်းမျိုရရှာ။
ထွာနံငယ် ခမောက်စုတ်နှင့်၊
လူလုပ်ကယ်တဲ့ညံ့လိုက်တာ၊ ဆိုးတဲ့ကံဟာ။
မိုးမရွာမြေသာကွဲလို့ ၊ ခနွှဲနှင့်ရေကိုတင်၊
ပန်းတဲ့ဖြစ်အင်။
ကောက်ကြီးနှင့်မယ်စောကို၊ ရောနှောလို့ ပျိုးထောင်။
သည်ပျိုးကိုရေအောင်မှ၊
မယ်နှင့်မောင်အလှူပေးရမယ်၊ မိုးကူပလေး။
ရွှေဘိုပုံကြီးသံ
ခက်ဆစ်
ခနွှဲ = ရေပက်ထုတ်ရန် မောင်းတံတမျိုး
မယ်စော = ကောက်လတ် (၁၀) မျိုးအပါအ၀င် စပါးတမျိုး
No comments:
Post a Comment