ပိန်းကောလှေငယ်ရှင်
မိုးဦးကာလ၊ ချောင်းကျပြီဆိုလျှင်၊ ပန်းလောင်ကြောမှာ၊ ပိန်းကောလှေငယ်ရှင်၊
တောင်ဘက်ကယ်တခွင်၊ ထွက်ဝင်ဖောက်ကား၊ ပဲ့ပါမည့်သူ၊ မပါလူ၊
ထိုးသူသာတယောက်သားငယ်နှင့်လေး။
ငပိဆားပျား၊ ဖောက်ကားရအောင်၊ ပဲလွမ်း ပဲကြီး၊ သီးသီးယူကြဉ်းဆောင်၊
တက်မကိုမြှောင်၊ ကွမ်းပေါင်နီကြောင်း၊ နဘူးခက်ညို၊ ကိုင်းညွတ်ယို၊ ပင်ကိုယ်သာ
နှီးသားပေါင်းငယ်နှင့်လေး။
ခမောက်မှာ ကောင်း၊ ဦးဆောင်းငယ့်ပမာ၊ သိုးလည်းမစပ်၊ ပါးပပ်ကယ်တစေသာ၊
ထိုးဝါးကိုယ်မှာ၊ ဘယ်ညာပခုံး၊ ခြေနှင့်ကျောက်ကန်၊ တွန်းလိုက်လှန်၊
အားအန်လွန်ကြီးဆုံးငယ်နှင့်လေး။
ခါးတောင်းကျိုက်လုံး၊ လက်ရုံးခဲတွေ၊ ချွေးကလည်းစီး၊ တီးတီးကျသည့်ရေ၊
စဖိုမှာပေ၊ ချက်လေထမင်း၊ မနပ်နိုင်ပြီ၊ တစီစီ၊ နန်းနီသာ မီးအိုးကင်းငယ်နှင့်လေး။
ဝမ်းလှိုင် တွင်းငယ်မှာ၊ သွတ်သွင်းမြဲပင်၊ အငွေ့ ခြောင်းခြောင်း၊ စလောင်းနှင့်
ငပိကင်၊ လှေဆိုက်တည့်လျှင်၊ ကြေးလင်နှင့်ကျင်း၊ ရိုးရွက်ကယ်ဖူးခေါင်၊
အာပါးကိုလောင်၊ ချဉ်ပေါင်ပူလှသည့်ဟင်းငယ်နှင့်လေး။
တယောက်ချင်းသည်၊ ထမင်းခူးသော်၊ တဆုပ်ကယ်နေ့ တိုင်း၊ လမိုင်းရှိပူဇော်၊
သွေးသောက်ကိုခေါ်၊ အဖော်ပေါင်းညှိ၊ ငုံ့ ကာ ငုံ့ ကာ၊ ၀ပ်၍သာ၊ ဆုပ်ကာ လွေးလိုက်
ဘိသည်နှင့်လေး။
စားမိ စားရာသာ၊ ၀မ်းမှာကျင့်တော့သည်။
ပိန်းကောသူကြီးမှာ၊ ချမ်းသာမြင့်တော့သည်။
တျာချင်း
ခက်ဆစ်
ကွမ်းပေါင် = ကုန်အလေးချိန်
သိအောင် လှေနံတွင်တားထားသော အနီကြောင်း
နဘူးခက်ညို = လှေအမိုးသည်
နဘူးပင်၏ အကိုင်းအခက်တို့ ဖြင့် မိုးထားသည်။
နှီးသားပေါင်း = ပေါင်းမိုးသည်
နှီးဖြင့်ရက်ထားသော ပေါင်းမိုးဖြစ်သည်။
ခမောက်မှာကောင်း = ခမောက်မှာကော၊ ခမောက်ကိုကြည့်လိုက်လျှင်
သိုး = ဦးထုပ်
စဖိုမှာပေ = စဖိုသည်
ညစ်ပေနေသည်။
နန်းနီ = နန်းနီရွာ
မီးအိုးကင်း = မီးအိုးငယ်
လမိုင်း = လယ်စောင့်နတ်
ဝမ်းမှာကျင့် = ၀မ်းမှာ
အကျင့်ရနေပြီ။
No comments:
Post a Comment