Friday, 29 June 2012

တောင်ပုပ္ပားနှင့်ရေထွက်စမ်း

ပုပ္ပားတောင်သည်၊ ရွှေတောင်တည့်လေ။

ရွှေတောင်ပတ်ကုံး၊ စကားပင်နှင့်ဖုံး၊ တောင်လုံးရနံ့ ကြိုင်စွလေ။

ပုပ္ပားတောင်တွင်၊ နတ်ရှင်နှစ်ပါး၊ ရွှင်စံစား၊ ဘုံခြားဗိမာန် ပြိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွလေ။

လှိုင်စွစကား၊ တောင်ပုပ္ပားက၊ စကားပျံ့ကြိုင်၊ ပန်းလှိုင်စွလေ။

မောင်တောင်ရေထက်၊ မယ်မုတ်ရေ၊ ဆယ်လေးသာစွလေ။

ဗိမာန်နန်းမှာ၊ ထီးစကာ၊ ဖြန့် ကာအုပ်မိုး သာစွလေ။


အချင်းငယ်

ခက်ဆစ်

နတ်ရှင်နှစ်ပါး            =       မင်းမဟာဂီရိ နတ်မောင်နှမ (မဟာဂီရိဟုလည်း ရေးကြသည်။)
မောင်တော်ရေ                  =      မောင်တော်ဟုခေါ်သော ရေထွက်စမ်း၊ မင်းမဟာဂီရိနတ်ကွန်းအနီးမှကျဆင်းသည်။ 
မယ်မုတ်ရေ             =       မယ်မုတ္တ၊ မယ်ပုလဲဟု ခေါ်သော ရေထွက်စမ်း။ ယခု နှမတော်ရေထွက်ဟုခေါ်သည်။ မင်းမဟာဂီရိ၏ နှမနတ်ကွန်းအနီးမှကျဆင်းသည်။ နှမတော် ရေထွက်မှရေသည် မောင်တော်ရေထွက်ထက် ရေအားကောင်းသည်။ ထိုရေအားကိုပုပ္ပားတောင်ဖြေရှိ နယ်တ၀န်းလုံးက သုံးလောက်အောင်ရသည်။




  

No comments:

Post a Comment