မြင်စိုင်းခေတ် စစ်သီချင်း
၁။ တာဝတိန်သာ၊ နတ်ရွာလော နတ်ရွာလော။
ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။
ဟုတ်တည်း ဆွေရင်း ဆွေရင်း။
ဟုတ်တည်း သည်ရင်း သည်ရင်း။
မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ၊
ပင်ခြေချုံထက်နွယ်၊ ချုံထက်နွယ်။
၃။ တောင်လေရှုန်းရှုန်း၊ မိုးခတ်အုန်း၊
ကင်ပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။
၎။ နွယ်ပန်းခွာညို၊ ပွင့်လလို၊
ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။
၅။ တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊
သရီရဓါတ်စွယ်၊ သရီရဓါတ်စွယ်။
၆။ ယာဆီမြေကောင်း၊ ကျသည့်ပြောင်း၊
မနှောင်းမှည့်စောလွယ်၊ မှည့်စောလွယ်။
၇။ ခါနှုင့်ဘုတ်ချိုး၊ ကြက်တောမျိုး၊
လိုစိုးကျက်မြေကျယ်၊ ကျက်မြေကျယ်။
ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး၊
စာနွှေးစားလိုဘွယ် စားလိုဘွယ်။
ယရည်းသွန်းသွန်း၊ မြင်းသည်ဝန်း၊
လှံချွှန်းတွန်းတက်ပယ်၊ တွန်းတက်ပယ်။
စောလူးစီးတန်၊ မျိုးဆက်ဒန်၊
လျင်ထန်မြင့်မဆွယ်၊ မြင့်မဆွယ်။
မြှောက်စည်လတီး၊ ၀င်ခါနီး၊
စေားထီးနန်းထက်ကျယ်၊ နန်းထက်ကျယ်။
သာသည့်မြေပြင်၊ စောနတ်သျှင်၊
နန်းခွင်ရှုတင့်တယ်၊ ရှုတင့်တယ်။
အထူးလော။
တက်တိမ်လော။
နေရောင်လော။
ကာချင်း
ခက်ဆစ်
ချီချယ် = ချီချီကြွကြွအလုံးစုံ၊
ရောနှောသည်။
စာတီ = စေတီ
သရီရ(ပါဠိ) = ကိုယ်ခန္ဓာမှဖြစ်သော
ဓါတ်တော်
ပြောင်း = ပြောင်းစပါး၊
နှံစားပြောင်း
စောလွယ် = အချိန်စောစွာ၊
လွယ်လွယ်ကူကူ
ကျက်မြေ = ထွန်ယက်
စိုက်ပျိုး ရိတ်သိမ်းပြီးသောမြေ
စာနွှေး = အစာကိုနွှာသည်၊
နွှင်သည်၊ ခွာသည်။
စားလိုဘွယ် = စားချင်စရာ
No comments:
Post a Comment