Sunday, 16 September 2012
တပေါင်းလဖွဲ့  (၄)
အော် - ရွှေသဲလှိုက်ဖို ၊ မြိုင်ညိုညိုမှာ၊ မောင်တကိုယ်ပန်း၊ ဘယ်ဆီရှိနော်၊ နေပြည်တော်ကို၊ ရော်လို့ သာရမ်းရတယ်၊ လက်ပမ်းပေါက်ခတ်၊ ကိတ္တပတ်တို့ ၊ နတ်လမ္ဗရာ ၊ စည်တံမြွာလဲ၊ မြည်ဝါသံငြိမ့်ညောင်းတော့တယ်။
ဂြိုဟ်ဘရဂု၊ ကြယ်မင်းပြုလို့ ၊ မေရုငယ်မဏ္ဍိုင်၊ ငွေယန္တရား၊ ယုန်ရထားနှင့်၊ အသွားငယ်ဆိုင်သည်၊ နှစ်ပြိုင်ယှဉ်လို့ မောင်းတော့တယ်။
နံကိုင်းဇေယျာ၊ ယမုန်လက်ရန်း၊ ကြက်နှစ်ဆီနန်းဆီက၊ ယှက်သန်းငယ်ဖြာသည်၊ မလ္လာညိုဆင့်လောင်းလိမ့်မယ်။
တပေါင်းရက်ဝယ်၊ ရွက်သစ်လှယ်လို့ ၊ ရှစ်နယ်ပြည့်မှိန်၊ သို့ သည့်ချိန်ကို၊ ရွှေအိမ်ကွန်းနေ၊ လွမ်းသူမေတို့ ၊ ကြေကြွေဘနန်း၊ ဘယ်ဖြေဆည်တံ့နိုင်လိမ့် ။
ခက်ဆစ်အဖြေ
ကိတ္တပတ်    =   မြကျောက်တမျိုး
လမ္ဗရာ         =     အာလမ္ဗရာစည်၊ ပုစွန်လက်မရိုးကိုပြုလုပ်သည့်စည်။
ဘရဂု   =  ဥတ္တရဘရဂုဏ္ဏီနက္ခတ်၊ တပေါင်းလစန်းယှဉ်နက္ခတ်။
မေရု    =  (ပါ) မြင်းမိုရ်တောင်။
မိလ္လာ   =  မိလ္လာရောင်၊ ငွေနှင့် ကြေးနီရောစပ်သောသတ္တုအရောင်။
လေချိုးသဖြန်
စိမ်းဖက်လို့ ပေါင်။
မျှော်လေလေ၊ ဗျာဝေလှိုင်းရန်ကော့၊ သင်တိုင်းခြုံ နတ်မောင်ငယ်၊ ကြံဆောင်ဖွဲ့ ဖန်ပျိုး။
တိုင်းဇေယျာပြင်၊ နံကိုင်းမွေတော်ရှင်နှင့်၊ ယှက်အတင်ပြာမင်ရောလို့ ၊ ကြက်တခွင်ပါစင်ဘဲကြောလေငဲ့ ၊ စောပုညစိုး။
ခက်ဆစ်အဖြေ
ဇော်ဂျီရောင်   =  ယောဂီရောင်။
ပေါင်    =   ရောထပ်သည်၊ ပေါင်မြှောင်။
No comments:
Post a Comment