တပေါင်းလဖွဲ့  (၁)
အော် ဂိမှာန်အတာ၊ ချိန်အခါကို၊ စိန်ကြာညောင်လွ၊ ရောင်ကြိုးကြွမှာ၊ အလှငယ်ထူးချွန်၊ သုံးရွေ့ မှူး။ ကြော့ကြူးလွန်တို့ ၊ လွမ်းဝှန်ငယ်ရှည်ပြန့် ၊ ဆည်မတံ့ အောင်၊ ငွေနားပန့် ရှင်၊ တောင်မီးခင်လဲ၊ မနှင်ထွန်တိုက်၊ ချွန်စူးငယ်စိုက်လို့  အလိုက်ကယ်စာရေ၊ စဉ်ဆက်မျိုးလာ၊ ကြက်ရိုးစာနှင့်၊ ဘာသာငယ်ပွေသည်၊ ခေါင်ရေပျော်ပွဲ့ ဖွဲ့ ကြတယ်။
တံငါလောင်းလှေ၊ တပုံတသီး၊ တောင်တင်တီးလို့ ၊ ယဉ်စီးငယ်တွေသည်၊ ကြည်ရေညိုလဲ့ စိမ်းမြတယ်၊
ပြဘင်္ကရု၊ ဖန်နေနန်းလဲ၊ ပြင်ခန်းလုမို့ ၊ ဖဂ္ဂုမာသံ၊ လအဖန်ကို၊ ဘယ်ဥာဏ်ပိုင့်ရှင်၊ မလွမ်းအောင်ဆင်ပါ့မယ်။
ခက်ဆစ်အဖြေ
အတာ = ကူးပြောင်းရာကာလ။
ကြာညောင် = ကြာပွင့်ပုံများဖြင့် တန်ဆာဆင် ထုလုပ်ထားသော ညောင်စောင်း။
ငွေနားပန် = ငွေနားတောင်း။
တောင်မီး = တောင်ပေါ်တွင် ယာခင်းရှို့ သောမီး။
ကြက်ရိုး = ဗေဒင်ဟောစာတမ်း အချပ်များကို ကြက်အရိုးဖြင့် ထိုးလှန်၍ ဟောချက်ကောက်ယူနည်း။
ခေါင်ရေ = မူးယစ်စေတတ်သော စိမ်ရေတမျိုး။
ပြဘင်္ကရု = (ပါ) ပဘင်္ကရ၊ နေမင်း။
ပြင်ခန်း = အပြင်ဖက် နေသွားရာလမ်းကြောင်း၊ ဗာဟီရ၀ီထိ။
ဖဂ္ဂုမာသံ = (ပါ) ဖဂ္ဂုဏမာသ၊ တပေါင်းလ။
လေးချိုးသဖြန်
ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ ပတ်လည်။
သဇင်းကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာညွန့် ငယ်တို့ ၊ ဖူးကွန့် ကိုက်စည်။
ဘမရာရွှေပိတုန်းငယ်တို့ ၊ ချွေသုံးကြ၀တ်ရည်၊ ညွှန်ကြည်ဘွယ့်ဖေါ်ကွဲ။
ယင်းသည့် နေ့ ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ်၊ ရာသီတွင်၊ စာညီပြောပေပ၊ ကြော၍သာမြဲ။
ခက်ဆစ်အဖြေ
သန္တာညွန့်  = သန္တာကျောက် အရောင်နီသော အညွန့် နုများ။ဘမရာ = (ပါ) ပိတုန်း။
ဈာန် = မဂ်ဖိုလ်ကို ပိတ်ပင်တတ်သော တရားများကို လောင်ကျွမ်းကုန်ခမ်းစေသောအစွမ်း။
No comments:
Post a Comment