မိုးဖွဲ့ 
အော် - မှုံတနွဲ့ နွဲ့ ၊ လွမ်းနယ်ချဲ့ လို့  စုံတဲ့ ကန္တာ၊ မြေထရံဆင့်၊ ကမ်းခုံမြင့်က၊ စွင့်စွင့်ငယ်ငြာသည်၊ ဘုတ်ဝါရွှေချိုးက ကူတော့တယ်။
သဇင်ဆော်လွင့်၊ ပင်တံမြင့်မှာ၊ ပွင့်ပန်းရည်စုတ်၊ ခါသံသဲသဲ၊ ညံမစဲ၊ ပဲတောင့်ပြုတ်တို့ ၊ ရွှေစလုတ်ချီ၊ ခွန်းသံငယ်စီသည်၊ ပြည်သည်ခေါင်ဖိုး၊ လူလိုကပက်။ နှုတ်ခွန်းဆက်တယ်၊ ငှက်မယ်မျိုးတို့ ၊ ဆော်နှိုးငယ်ခေါ်သည်၊ မြိုင်မော်သစ်နန်းကလဲ ဆူတော့တယ်။
ကသယ်မြေမွ၊ ကြေပွပွနှင့်၊ မြသလင်းပြင်၊ မိုးနွေမခန်း၊ ယိုစိမ့်စမ်းနှင့်၊ အိုင်ကမ်းခွင်မှာ၊ ရွှေသမင်တောက်၊ စာမရီငွေ၊ တိုးအောင်ခြွေ၊ ရေမိုးသောက်လို့ ၊ တောမျောက်ကယ်ငြာ၊ ကန္တာမြိုင်ကြီးကလဲ ပူဖို့ ဘွယ်။
ခက်ဆစ်အဖြေ
ဘုတ်ဝါ = ဘုတ်ငှက်ငယ်တမျိုး။ပဲတောင့်ပြုတ် = ငှက်တမျိုး။
ကပက် = ကဘဲ၊ ကဲ့ သို့ ။
ကသယ် = အမှုန့် ၊ မြေမှုန့် ၊ လိမ်းကျံသော အမှုန့် ။
မြသလင်းပြင် = မြသလင်းကျောက်အပြင်။
ငြာ = ဟစ်အော်သည်။
လေးချိုးသဖြန်
ပူဖို့ ညွှန်း၊ လွမ်းလိုက်ပါဘိတယ်။တောင်စောင်းထရံကွေ့ မှာ၊ မိုးဝေ့ လို့ လယ်။
ရော်လို့ သာ ဆွေးလိုက်ကဲ့ ၊ မအေးနိုင် ပူနယ်ကို၊ ခြယ်ဖန်လဲ့ တဘုန်း။
ဆင့်ဆင့်သာကဲ တော့တယ်၊ ဖေါ်နဲသူ ကြေကြွေရန်ဖို့ ၊ ကိုးတန်ဖွဲ့ ချုန်း။
ခက်ဆစ်အဖြေ
ကိုးတန် = အရပ်ကိုးမျက်နှာ။